မက်မန်း ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြိုန့ယ် ဆွတ်ဝိုးကျေးရွာတွင် ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ တိုးပွားရေး၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး၊ လူမှုစီးပွားဘဝ တိုးတက်မြှင့်မားစေရန်ရည်ရွယ်၍ နယ်လှည့်စာဖတ်ဝိုင်းနှင့် နယ်လှည့်စာငှား ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်းက သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာနနှင့် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဆွတ်ဝိုးကျေးရွာရှိ ပြည်သူများအား စာပေအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ သတင်းစာ၊ ဂျာနယ်များတွင် ပါရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအကြောင်းအရာများ၊ အထွေထွေဗဟုသုတစာအုပ်များဖြင့် အပြန်အလှန် ဖတ်ကြားဆွေးနွေးခြင်း၊ ပြန်လည်မျှဝေခြင်းများဆောင်ရွက်၍ နယ်လှည့်စာဖတ်ဝိုင်းအား ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာသူ၊ ကျေးရွာသားများအား အသိပညာ ဗဟုသုတရရှိနိုင်စေရေးအတွက် စာအုပ်စာစောင် (၈၀) အုပ်အား အပတ်စဉ် လှည့်လည်ငှားရမ်းခြင်းစနစ်ဖြင့် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်၊ဆက်)