ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ စူဠာမဏိဘုရားသို့ ကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဇွန်  ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စူဠာမဏိဘုရားသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဦးကျော်မျိုးဝင်း (ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများမှ ရှေးဟောင်းအဆောက်အအုံအမှတ် (၇၄၈) စူဠာမဏိ ဘုရားကြီးဝင်းအတွင်း ၊ဘုရားတံတိုင်း အရှေ့တောင်ဘက်ရှိ မို့မောက်နေသောမြေစာ ပုံများ၊ အုတ်ခဲကျိုးများအား မြေမျက်နှာသွင်ပြင်အနိမ့်အမြင့် Level သတ်မှတ်၍ ရေစီးဆင်းမှု ကောင်းမွန်စေရန်အတွက် စနစ်တကျမြေဖြန့်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ပြုပြင်ထိန်းသိမ်း ရေးဌာနစုမှ ဦးညီမွန်း (ဒုတိယညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊လက်ထောက်အင်ဂျင်နီယာတို့သည်၊ ဌာနအင်ဂျင်နီယာများက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံအမှတ် (၁၆၂၉) နှင့်(၁၇၈)သို့ လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း