Smart Village နန္ဒာကျေးရွာတွင် အဆင့်မြင့် အပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ

ပုသိမ်ကြီး ဇွန် ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၁၀နာရီက Smart Village နန္ဒာမြောက် ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်ကအဖွင့်အမှာစကားပြောကြားပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လွင်က smart village နန္ဒာမြောက်ကျေးရွာတွင် ယခုလို သင်တန်းများ လာရောက်ဖွင့်လှစ်ပေးသည့် အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ သင်တန်းတွင် ထူးချွန်သူများအား ထူးချွန်ဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ သင်တန်းနည်းပြနှင့် သင်တန်းသား ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ တစ်လကြာဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)