လှည်းကူးမြို့နယ်တွင် တီဘီရောဂါဝေဒနာရှင်များအား အခမဲ့ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ပေး

လှည်းကူး ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အောင်ဆန်းဆေးရုံကြီးမှ ဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါ ဝေဒနာရှင် ပြည်သူများအား ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့၊ မြို့မရပ်ကွက်ဓမ္မာရုံတွင် အခမဲ့ ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆေးကုသပေးရာတွင်အောင်ဆန်းဆေးရုံကြီးမှ ဆရာဝန်ကြီးများ ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက မြို့မရပ်ကွက်မှတီဘီရောဂါ ဝေဒနာခံစားနေရသည့် ဒေသနေပြည်သူများအား ရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/မရှိစစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါက ဓာတ်မှန်ရိုက်ပေးခြင်းနှင့် အခြားသော အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးသည်။

အဆိုပါဆေးကုသပေးရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)