မိုင်းယုမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေး

မိုင်းယု ဇွန် ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မူးယစ်ဆေးဝါးအန္တရယ်အသိပညာပေး (Talk Show ) ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာ၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်နှင့် ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းတို့က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ ရှောင်ရှားငါတို့တိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများနှင့် တစ်မျိုးသားလုံးမူးယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ပြောကြားဆွေးနွေးခဲ့ကြသည်။

မူးယစ်ဆေးဝါးကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူသားတို့၏  ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိခိုက်ခြိမ်းခြောက်စေလျက်ရှိရာ လူသားအားလုံးကို အညွှန့်တုံးစေသည့်အန္တရာယ်မှ ဝိုင်းဝန်းစုပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဟန်ချက်ညီညီကာကွယ်တားဆီးတိုက်ဖျက်နိုင်ရန်အတွက် ဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်