သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

သံတွဲ ဇွန် ၇

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ အဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် အားသာချက်၊ အားနည်းချက် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်မှုများအပေါ် လိုအပ်သည်များကိုအကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဘက်စုံသုံးခန်းမအသုံးပြုရေး ၊ ရန်ပုံငွေရှိရေး ၊ ရှာဖွေရေး ၊ (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ပြန်လည်ရွေးချယ်ရေး၊ ကော်မတီ ပုံမှန် အစည်းအဝေးဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)