ကုန်းကြမ်းမြို့ စိန္တာမုနိထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်တွင် ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

ကုန်းကြမ်း ဇွန် ၇

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ် စိန္တာမုနိထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်တွင် ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဌာနဆိုင်ရာများစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကုန်းကြမ်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဓမ္မဇောတိကဓဇ ဆရာတော်ဘုရားမှ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျာရွှေဘုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တာရှန်ကျောင်းတိုက်ဆရာတော် ဘဒ္ဓန္တဃောသိတ အရှင်သူမြတ်ကဒေဝနိမန္တနဂါထာတော်ဖြင့် နတ်ဗြဟ္မာများအားဖိတ်ကြားခြင်း၊ ငြိမ်းချမ်းအောင်မြေထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဓန္တဝါယမ အရှင်သူမြတ်က ပဋ္ဌာန်းအမွှမ်းဂါထာတော်ဖြင့် ရွတ်ဖတ်သူဇော်ခြင်းပြီး ဆရာတော်သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဧည့်ပရိသတ်အပေါင်းတို့က ပဌာန်းပစ္စေယုဒ္ဒေသကို သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပါသည်။

ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ(၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အမှတ်(၁၆)ခြေလျင်တပ်မဟာဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးနှင့် တပ်ရင်းတပ်ဖွဲ့အရာရှိစစ်သည်များနှင့် ရဲ‌မေများ၊ ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ စုစု‌ပေါင်းအင်အား(၁၂၀)ဦးခန့်တက်ရောက်ခဲ့‌ပြီး ကြွရောက်လာကြသော ပင့်သံဃာဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဧည့်ပရိသတ်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဥမ္မာကျော်(ဦးစီးအရာရှိ)