ကွတ်ခိုင် ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပြည်ထောင်စုခန်းမ၌ ကျင်းပကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ကွတ်ခိုင်ခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်မှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဝင်းလွင်က နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်စေရေးအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက မြို့နယ်အသီးသီးတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြာများကို အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးနေကြောင်း၊ နိုင်ငံသားတစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကတ်သာ ကိုင်ဆောင် ခွင့်ရှိပြီး တရားမဝင်ကိုင်ဆောင်ပါက သတ်မှတ်ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတိုင်းအတွက် အသုံးဝင်အရေးပါပြီး မရှိမဖြစ် လိုအပ်သည့်အတွက် ယခုလိုပြုလုပ်ပေးရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ကွတ်ခိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂၂)ကတ်အား စစ်ဗျူဟာအဖွဲ့(အခြေချ) ကွတ်ခိုင်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တိုင်းရင်းသား ယဉ်ကျေးမှုဥက္ကဋ္ဌများမှ တိုင်းရင်းသားပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)