ဇေယျာသီရိ​မြို့နယ်အတွင်းရှိ ပြည်သူ ၁၅၆ ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဇေယျာသီရိ ဇွန် ၇

ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူ ၁၅၆ ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေယံအောင်၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ကျွန်းရောင်းကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာမှ ပြည်သူ ၁၅၆ ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်မြောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)