ညောင်ရွှေ ဇွန် ၇
ဒေသတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းမျက်နှာဖုံး စနစ်တကျ တပ်ဆင်အသုံးပြုရေး လူထုအသိပညာပေး လှုပ်ရှား ဆောင်ရွက်မှုကို ယနေ့နံနက်(၈)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့တွင်း အများပြည်သူ အသုံးပြုများသည့် လမ်းဆုံနေရာများ၊ လူစည်ကားရာနေရာများနှင့် စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ မြို့မ မင်္ဂလာဈေးအတွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုအသိပညာပေးလှုပ်ရှားမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် ဝန်ထမ်းများပူးပေါင်း၍ လမ်းမပေါ်သွားလာ နေကြသည့် ပြည်သူများ၊ မြို့မဈေးအတွင်းရှိ ဈေးသည်များနှင့် ဈေးဝယ်လာသူ ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း မျက်နှာဖုံးများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ