စမ်းချောင်း ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့၊ နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အ.ထ.က(၁)ကျောင်းစွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး Centre တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၈)နှစ်အထက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသူ(၂၅)ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံသူ(၃၅)ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူ(၄၈)ဦး၊ စုစုပေါင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူ (၁၀၈)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာ တစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီလာစိုး