ညောင်ဦးမြို့နယ် တောင်ဇင်း (မြို့မ)မူလတန်းကျောင်းနှင့်ပွင့်လင်းတဲတိုက်သို့ သောက်သုံးရေ (၁၆၀၀) ဂါလံလှူဒါန်း

ညောင်ဦး ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်း (မြို့မ) အခြေခံပညာ မူလတန်းကျောင်းနှင့် ပွင့်လင်းတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုက ဇွန် ၇ ရက်၊ နံနက် ၉ နာရီခွဲ အချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေအလှူတော် တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းက သွားရောက်လှူဒါန်းလျှက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် တောင်ဇင်း (မြို့မ) အခြေခံပညာ မူလတန်းကျောင်းသားကျောင်းသူများ သောက်သုံးရန် ရေဂါလံ (၈၀၀) နှင့် ပွင့်လင်းတဲတိုက်အတွက် သောက်သုံးရေ ဂါလံ (၈၀၀) စုစုပေါင်း သောက်သုံးရေဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း