လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းပတ်၀န်းကျင်  သန့်ရှင်းသာယာလှပရေးနှင့် ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေးတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃ ခုနှစ် ယမန်နေ့နံနက်(၉)နာရီ၌ ရေဥက္ကံကျေးရွာ၊ ဗန်းမော်အတွင်းဝန်လမ်းနှင့် ကျောင်းလမ်းထောင့်တွင် ရေမြောင်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝန်းရှိချုံနွယ်၊ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ကျောင်းပတ်ဝန်းကျင်အနီးရှိ ရေမြောင်းများ ရေစီးရေလာကောင်းစေရေး စက်ကြီးများနှင့် အမှိုက်များဆယ်ယူခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ ပန်းဥယျာဉ်မှဝန်ထမ်းများ၊ လမ်း၊ တံတားဦးစီးဌာန တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ဝိုင်းဝန်းကာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရေဥက္ကံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၆)ကျောင်းပတ်ဝန်းကျင် အတွင်းအပြင် ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ရေစီးရေလာစီမံခန့်ခွဲမှု့ဌာနမှ Excavator 3.5ton (၃)စီး၊6ton (၁)စီး၊စုစုပေါင်း ၄ စီးတို့ဖြင့်စုပေါင်း၍ လုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထို့သို့လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကျောင်းပတ်ဝန်းကျင်အတွင်းရှိ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်နှင့်စည်ပင်အဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့၀င်များစုပေါင်း၍ ကျောင်းပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးပူးပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)