ကော့မှူး ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေဝပ်သောနေရာများတွင် ပိုးလောက်လန်းမှတစ်ဆင့်ခြင်များပေါက်ဖွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန်နေသောဘူးများ၊ ရေပုံး၊ ရေအိုး၊ ဘုရားညောင်ရေအိုးများအား ဖုန်း၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးခြင်းကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်များမှကင်းဝေးနိုင်စေရန် ရေအိုးများ၊ ရေတိုင်ကီများ၊ ကျောက်စီပိုင်းများနှင့် အုတ်ကန်များအတွင်း အဘိတ်ဆေး(Abate)ဆေးခတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေကြကြောင်း သိရသည်။ အဆိုပါ အဘိတ်ဆေးခတ်ခြင်းများကို သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)