မိတ္ထီလာ ဇွန် ၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းနှင့် OBD ii သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား လိုက်လံနှုတ်ဆက် ခဲ့ကြသည်။ ၎င်းလုပ်ငန်းသစ် ဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၁၀/၂၀၂၃) ကို သင်တန်းသားသင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၃ ပတ် ကြာမြှင့်မည်ဖြစ်ပြီး OBD ii သင်တန်း အမှတ်စဉ် (၅/၂၀၂၃)ကို သင်တန်းသားသင်တန်းသူ ၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၆ ပတ်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)