ကျိုက်မရော ဇွန် ၆
ကျိုက်မရောမြို့နယ်ကလိုင်းကနိုင်ကျေးရွာရှိ ယိုးဒယားကိုင်းဆက် ကြက်မောက်သီးများ ယခုနှစ်တွင် ရာသီဥတု အပူရှိန်ကြောင်း ယခင်နှစ်ကထက် အထွက်နှုန်းလျော့နည်းနေသော်လည်း စျေးကွက်အတွင်း၌ စျေးကောင်းရရှိလျက်ရှိကြောင်းကြက်မောက်သီး စီးပွားဖြစ် စိုက်ပျိုးသူ တောင်သူများကပြောသည်။
ယခင်နှစ်က ဒီအချိန်ဆို ဗမာကြက်မောက်ရော ယိုးဒယားကြက်မောက်သီးပါ လှိုင်လှိုင် ထွက်ရှိနေပြီး စျေးကွက်အတွင်း စျေးကောင်းရရှိကာ အနယ်နယ် အရပ်ရပ်သို့ပင် ကားစီးလုံး သယ်ယူပို့ဆောင်နိုင်ခဲ့ကြောင်း ယခုနှစ်ကတော့ ရာသီဥတု အပြောင်းအလည်းမှာ အပူချိန်ကလဲများလွန်း၍ ရေမရရှိသဖြင့် အသီးတွေ ကြွေကျ ကုန်ကြောင်း၊ ကြက်မောက်ပင်က ရေအလွန် ကြိုက်သောအပင်မျိုးဖြစ်၍ ရေများများပေးနိုင်မှသာ အထွက်နှုန်းလည်း ကောင်း၊အသီးလည်းကောင်းမွန်ကြောင်း ရေမရတာနှင့်အသီးတွေ ခြောက်ကုန်ကြောင်း ခြံရှင် ဦးစိုးမြင့်၏ ပြောပြချက်အရ သိရသည်။
ကျိုက်မရောမြိုနယ်တွင် ယခုနှစ် မိုးရာသီတွင် ကြက်မောက်သီးအထွက်နှုန်း ကျဆင်း၍ မြို့အဝင်၌ ကြက်မောက်သီးဆိုင်များပင် နည်းပါးခဲ့ပြီး စျေးနှုန်းမှာလည်း အလုံး၅၀ ပါ အတွဲတစ်ခုလျင် ၅၀၀၀ိ/ကျပ်ထိ စျေးရပြီး အလုံးတစ်ရာ တွဲထားသည့်တစ်တွဲကို ငွေကျပ် တစ်သောင်းထိ ဖောက်သည်ပေးရပြီး ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ ကုန်သည်များက ပို့ဆောင်ရောင်းချ လျက်ရှိနေကြောင်း ကြက်မောက်သီးကုန်သည် ဦးဇေယျာဦးထံမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)