ကျောက်တန်းမြို့နယ်၌ လူငယ်နှင်မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk Show)ကျင်းပ

 ကျောက်တန်း ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက ယနေ့ခေတ်အချိန်ကာလတွင် လူငယ်အများစုသည် မူးယစ်ဆေးဝါးကို သုံးစွဲမှုများပြားလာပြီး မူးယစ်အစဆေးလိပ်ကဆိုသကဲ့သို့ ဆေးလိပ်၊ ဘီယာ၊ အရက်စသည့် မူးယစ်စေသည့်အရာများကို အရင်ကထက်ပိုမို​သောက်သုံးလာကြသဖြင့် တန်ဖိုးရှိတဲ့အချိန်များကို မူးယစ်သောအရာများဖြင့်သာကုန်ဆုံး​​​စေသောကြောင့် ဘဝမှာအသိပညာများ ကိုယ်ကျင့်တရားများပါပျက်ပြားလာစေ​​သော​​​ကြောင့် မူးယစ်ဆေးဝါးကိုရှောင်ကျဥ်သင့်ကြောင်းကိုရည်ရွယ်၍ လူငယ်နှင့်မူးယစ်ဆေးဝါး အကြောင်းသိကောင်းစရာဆွေးနွေပွဲကို ဒုတိယဦးစီးမှူးဒေါ်အိသန္တာချိုနှင့်အတူ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်း(ပြန်/ဆက်)