မိတ္ထီလာ ဇွန် ၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ပြုလုပ်သော ၂ဝ၂၃ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားသည်။ ၎င်းနောက် ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပရခြင်းအကြောင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင် အောင်ကြွယ်က ရှင်းလင်းပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းအမျိုးသမီး ငယ်များက ပတ်ဝန်းကျင်ထိန်းသိမ်းရေးတေးသရုပ်ဖော်အကဖြင့် ကပြဖျော်ဖြေသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် အောင်ကြွယ်နှင့် ခရိုင်မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြ သည်။ အဆိုပါအခမ်းအနားတွင် ခင်းကျင်းပြသထားသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု ပစ္စည်းကိရိယာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မှတ်တမ်းဓါတ်ပုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ချမ်းသာ