ပြင်ဦးလွင် ဇွန် ၆
ဈေးကွက်တွင်လူကြိုက်များလာသည့် ဒေသမျိုးပန်းမန်များစိုက်ပျိုးခြင်းကို ပြင်ဦးလွင်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာမှ စီးပွားဖြစ်စိုက်ပျိုးရောင်းချမှုအထိ တိုးချဲ့စိုက်ပျိုးခဲ့သဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
အဆိုပါ ဒေသထွက်ပန်းများကို မြို့ပေါ်ဈေးများသို့ ဈေးကွက်တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ပန်းကုန်သည်များထံသို့ ချိတ်ဆက် တင်ပို့ရောင်းချမှုများလည်း ပြုလုပ်လျက်ရှိကြောင်း “ မြနှင်းရွှေရည် “ ပန်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။
“ မြနှင်းရွှေရည် ” ပန်းအား ဇွန်လတွင်စတင်ရောင်းချ၍ရပြီဖြစ်ကြောင်း၊ အစီးကြီး တစ်စီးလျှင် ၆၅၀၀ ကျပ် လက်ကားဈေးရောင်းချလျက်ရှိပြီး လက်လီဈေး ၇၅၀၀ ကျပ်ဖြင့် ရောင်းချရကြောင်းနှင့် ယခုနှစ်တွင် ပန်းဈေးမှာ အတက်ဘက်တွင် ရှိနေသေးကြောင်း ပန်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ်(ခရိုင်ပြန်/ဆက်)