ကျိုက်မရော ဇွန် ၆
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှုးကျင်းပသည့် ဇွန်လ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီ ကပိန်းနဲကုန်းကျေးရွာ သရက်တောဘုန်းကြီးကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးညွန့်ရွှေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား(၁၄၅)ဦးတို့က သစ်မာ အမျိုးအစားများဖြစ်သော ပျဥ်းကတိုး ၂၀၀၊ မဟော်ဂနီ ၂၀၀၊ အာဖရီကန် ကျူးလစ်၊၃၀ပင်၊ အော်ရီးရှား ၂၇၀ပင် စုစုပေါင်းပျိုးပင်(၇၀၀)အား တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးကြမည့် အသင်းအဖွဲ့နှင့် ပြည်သူများအတွက် ပျိုးပင်များကိုအခမဲ့ ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက် ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)