မုဒုံ ဇွန် ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းနှင့်ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည်သိမ်းက ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ၏ ပညာရေးတွင် အသုံးပြုနိုင်ရန်နှင့် စာရေးကိရိယာများဝယ်ယူရာတွင် အထောက်အကူဖြစ်စေရန်အတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပညာသင်ထောက်ပံ့ကြေးငွေ ၅၆၅၀၀၀ ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးက လွှဲပြောင်းပေးအပ်ခဲ့ပြီး တက္ကသိုလ်အဆင့် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ကိုးဦး၊အထက်တန်းအဆင့် တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ငါးဦး၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ခုနှစ်ဦး၊ မူလတန်း အဆင့်တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ဦးအား တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)