မန္တလေးမြို့၊ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား မန္တလေးသိန်းဇော်က "မဟော်တေဇာ"ချီ (၂၇)ပဒ အချီအချညီ စကြာလည် ရတုပိုဒ်စုံဖြင့် ပူဇော်ကန်တော့ အခမ်းအနားကျင်းပ

မဟာအောင်မြေ ဇွန်  ၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ဗန်းမော် ဆရာတော်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိကဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသာ ဓုဏီဠနပူဇာသဘင် အခမ်းအနားအား ယမန်နေ့ ‌ ‌ညနေပိုင်းက မော်ကွန်းတင်ရေးစပ် သီကျူးပူဇော်သော "မဟော်တေဇာ" ချီ (၂၇)ပဒ အချီအချညီ စကြာလည် ရတုပိုဒ်စုံအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စောင်းအဖွဲ့မှ ပံ့ပိုးတီးခတ်ပြီး မန္တလေးသိန်းဇော်က ပူဇော်ကန်တော့ခဲ့ ကြောင်းသိရသည်။

အောင်ဇော်မင်း