တံတားဦး ဇွန် ၆
တံတားဦးခရိုင် တံတားဦးမြို့နယ် စစ်မှုမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကိုကိုအောင် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း) မှဩဝါဒစကား မြွက်ကြားပြီး လိုအပ်သည်များကို လမ်းညွှန်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စစ်မှုထမ်းအဖွဲ့တွင် လစ်လပ်သည့် အမှုဆောင် (၂) ဦးအား ရွေးချယ်ရေးအတွက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌမှရှင်းလင်းပြောကြားပြီး ရွေးကောက်ခံ အမှုဆောင်လောင်းများအား မိတ်ဆက်ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ အစီရင်ခံစာများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ရငွေ၊ သုံးငွေနှင့် အဖွဲ့၏ ပိုင်ဆိုင်မှုငွေစာရင်းများကို တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးကြသည် ။
ထို့နောက် တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့သို့ အလှူငွေများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဥက္ကဋ္ဌမှ လက်ခံရယူခဲ့ကြောင်း သိရသည် ။
ဦးရဲတင့်