ပေါက်တော ဇွန် ၆
အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများသို့ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိကြသည်။
ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အမှတ်(၁)ရပ်ကွက် တောကျောင်းဘုန်းတော်ကြီးကျောင်းတက်လမ်းရှိ မုန်တိုင်းဒဏ်ကြောင့်လဲပြိုကျနေသော သစ်ပင်များအားပိုင်းဖြတ် ဆောင်ရွက်ခြင်း၊ နေအိမ်၌ ပိနေသောသစ်ပင် များအား ဖယ်ရှားရှင်းလင်းခြင်းစသော သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)