စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ  စာအုပ်များလာရောက်လှူဒါန်း

စဉ့်ကိုင် ဇွန်  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre)  ခန်းမတွင်  ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကစာအုပ်များ လာရောက်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ယခုလိုစာအုပ်များလာရောက်လှူဒါန်းခြင်းဖြင့်စာပေချစ်သူများအတွက်အသိပညာဗဟုသုတတိုးပွားစေပြီး စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အမှားအမှန်ကိုခွဲခြားသိမြင်နိုင်ခြင်း၊  လူငယ်လူရွယ်များ  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေ၍ အသိအလိမ္မာများ  တိုးပွားလာမည်ဖြစ်ကြောင်းပြောကြားခဲ့ရာ  မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းက  စာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး၊  ပြည်သူများ ဗဟုသုတတိုးပွားစေရန် စာပေချစ်သူများအတွက် ရည်ရွယ် ၍ လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စာအုပ်သုတ(၅) အုပ်၊  ကလေး စာပေ(၁၀)အုပ်၊  စုစုပေါင်း(၁၅)အုပ်အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်း ကလက်ခံရယူခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)