တံတားဦး ဇွန် ၆
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါ(အခမဲ့)၊ စပါးနှင့် နေကြာစိုက်ဧကတိုးတက်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်က အမှာစကားအသီးသီး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်မြင့်က ရာသီအလိုက် သီးနှံစိုက်ဧကများ တိုးတက်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းနိုင်ကသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အကျယ်တင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် မျိုးစေံများကို ထောက်ပံ့ပေးအပ်ပြီး တောင်သူများကိုယ်စား ငါးဇင်ရိုင်းကျေးရွာမှ တောင်သူ ဦးသိန်းဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧကတိုးတက်ရေးနှင့် အထူးဇုန်အတွက် ရွှေတောင်(၁၀) RSကိုဧကပေါင်း(၅၇၇) ဧကအတွက် (၅၇၇)အိတ်၊ မျိုးစေ့ထုတ်ခြင်းအတွက် ရွှေတောင်(၁၀) FS ကို ဧကပေါင်း(၁၁၅) ဧကအတွက် (၁၁၅) အိတ်၊ အထူးဇုနနှင့် စံပြကွက်အတွက် B-31(စပ်မျိုး)ကို ဧက(၇၀၀)အတွက်(၇၀၀)အိတ်၊ မျိုးစေ့ထုတ်နှင့် အထူးဇုန်စိုက်ခင်းအဖြစ် ဆင်းရွှေကြာ-၂RSအားဧက(၇၀၀)အတွက် မျိုးစေ့(၁၇၅)တင်း၊ မျိုးစေ့ထုတ် စိုက်ခင်းအတွက် ရေဆင်း-၁(စပ်မျိုး နေကြာအား ဧက(၅၀)အတွက်(၅၀)အိတ်၊ မျိုးစေ့ထုတ် ဧရာမင်း စပါး ဧက(၁၀၀)အတွက်(၁၀၀)တင်း၊ မနောသုခစပါး စိုက်ခင်း ဧက(၆) ဧကအတွက် (၆)တင်း၊ ဆင်းသုခစပါး စိုက်ခင်း(၁၅)ဧကအတွက်(၁၅)တင်း၊ နေကြာစိုက်ပျိုးရေးအတွက် ရွက်ဖျန်းအားဆေး ဧက(၁၀၀)အတွက် 1-litreဗူး(၁၀၀)တို့ကို အသီးသီးထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)