ကျိုက်ထိုမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲပြုလုပ်

ကျိုက်ထို ဇွန် ၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်  ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၁ )နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအကြောင်းကို ဟော‌ပြောခဲ့ပြီး စွမ်းရည်ပြိုင်ပွဲကိုပြုလုပ်ကာ ထူးချွန်သူများအား လက်‌ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး နံရံကပ်စာစာင်များကို တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)