မိုးကောင်းမြို့ Community Centre ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုးကောင်း ဇွန် ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မေလ(၅)ရက် မွန်းတည့်(၁၂)နာရီတွင် Community Centre ခန်းမ၌ ကျင်းပသည်။

စာစီစာကုံးပြိုင်ပွဲတွင် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် မြို့ပေါ်အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၅)ဦးတို့က ဖြေဆိုကြောင်းသိရသည်။

ဆက်လက်၍ အပူဒဏ်ကာကွယ်ခြင်းဆိုင်ရာနှင့် မုန်တိုင်းအတွက် သတိပြုလိုက်နာရန် အချက်များ အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်ခင်းကျင်းပြသထားမှုတို့အား စိတ်ဝင်တစားကြည့်ရှုကြပြီး စာရေးဆရာအောင်သင်း၏ “အားနေသောလက်များ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Community Centre ခန်းမတွင် အသိပညာပေး Talk Show ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်း များကို လစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)