ဇေယျာသီရိမြို့နယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၀၅၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၂၅၀ စားသုံးသူများ လက်ဝယ်အရောက်ရောင်းချပေး

ဇေယျာသီရိ ဇွန် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ နေပြည်တော် ဆီကုန်သည်အသင်း ဝင်များဖြင့်ပူးပေါင်း၍ ဇေယျာသီရိမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ စားသုံးဆီတစ်ပိဿာလျှင် ၄၀၅၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စောမာလာနွယ် ဦးဆောင်၍ နေပြည်တော် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ခေတ်အေးရွာအုပ်စု၊ ခေတ်အေးကျေးရွာရှိ ပြည်သူများအား စားသုံးဆီတစ်ပိဿာ ၄၀၅၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၂၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)