ဒလမြို့နယ်တွင် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် Talk Show ပြုလုပ်

ဒလ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အေးမြမိုးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒလမြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်နော်အေးချမ်းမေက ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်အမျိုးအစားများနှင့် ပလတ်စတစ်ရဲ့ဂုဏ်သတ္တိများ အကြောင်း၊ ပလတ်စတစ်ကြောင့် ထိခိုက်နိုင်တဲ့ သက်ရောက်မှုများအကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများစသည်တို့ကို အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒလမြို့နယ်ရုံးအနေဖြင့်ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့တင်ဆက်သည့်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကို We Love Dalla Facebook Page တွင်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်ဆက်