ကျောက်ဆည်မြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသည့် မိသားစုများ အဆင်ပြေ

ကျောက်ဆည် ဇွန်  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသည့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးရာတွင် နေ့စဉ်ခွတ်ဆူးရောင်းချခြင်းဖြင့် ဝင်ငွေရရှိရေး ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ ဆူးပန်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ တောင်အော်၊ ကန်စွန်း၊ ကြက်သွန်မိတ်၊ ခရမ်း၊ မုံလာဉ၊ မုန်ညှင်းခါး၊ဗူး၊ဆူးပုတ်ကြီး၊စပါးလင်စသည့်ဟင်းသီးဟင်ရွက်များကို ရာသီအလိုက် စိုက်ပျိုးရောင်းချကြောင်းနှင့်  စားသုံးသူပြည်သူများဓာတုဓာတ်ကြွင်းကင်းလွတ်စေရန်နှင့် သွင်းအားစုကုန်ကျ စရိတ်သက်သာစေရန်အတွက် Superဘိုကာရှီ၊ EMဘိုကာရှီ သဘာဝ မြေဆွေးမြေဩဇာ၊ ငါးအမိုင်နို အက်စစ်သဘာဝအပင်အားတိုးဆေး၊  သဘာဝဆေးရွက်ကြီး၊သဘာဝငရုပ်သီး ပိုးနှင်ဆေး၊ EM-5 သဘာဝမှိုဆေးများ ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြောင်း တောင်သူ ဦးသက်တင်က ပြောပြသည်။

သီးနှံများရောင်းချရာတွင် လက်လီ၊လက်ကားရောင်းချကြောင်း လက်လီအနေဖြင့် ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် နေ့စဉ်ရောင်းချပြီး၊ လက်ကားအနေဖြင့် နယ်လှည့်ရောင်းချသည့် ဈေးသည်များအားရောင်းချကြောင်း ဟင်းသီး၊ ဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

  သက်မောင်(ကျောက်ဆည်)