ရွှေပြည်သာမြို့နယ်၌‌ မွေးကင်းစမှအသက်(၂)နှစ်အထိ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းများဆောင်ရွက်

ရွှေပြည်သာ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်‌ မွေးကင်းစမှ(၂)နှစ်အထိကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုခြင်းများကို ရွှေပြည်သာမြို့နယ်ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် အမှတ်(၁၇)ရပ်ကွက်စုစံသာသနာ့ရိပ်သာဘုန်း‌တော်ကြီးကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း အပတ်စဉ်အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင်လည်းကောင်း၊ သွားနှင့်ခံတွင်းရောဂါများကို တနင်္လာနေ့နှင့်သောကြာနေ့များတွင်‌ ရွှေပြည်သာမြို့နယ်ပြည်သူ့ဆေး‌ရုံတွင် ကုသဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)