ကျိုက်ထို ဇွန် ၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ကျိုက်ထိုမြို့နယ် မြို့ရှောင်လမ်းနှင့် ကင်မွန်းချောင်း ကျေးရွာသွားလမ်းဆုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဝင်းက ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များထံ ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီးနောက် မန်ဂျန်ရှား (၃၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ကျိုက်ထိုခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်