ကျောက်မဲမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ကျောက်မဲ ဇွန် ၅

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့ကျက်သရေဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အမှတ်(၁)စစ်ဆင်ရေး ကွပ်ကဲမှူဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်းအင်အား ၂၀၀ ဦးခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင်  ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်‌ရေးမှူး ဦးနေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။  ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသူ/ကျောင်းသားများအား ဝာာဝန်ရှိသူများမှ ဆုချီးမြှင့်ခြင်း၊ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ ဖြစ်မြောက်ရေး ပါဝင်လှူဒါန်းခဲ့သော “မြန်မာအထွဋ်အထိပ် သတ္တုတွင်းလုပ်ငန်းကုမ္ပဏီ” အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မိုင်းထွန်း(ပြန်/ဆက်)