ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုင်းတုံ ဇွန်   ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်က ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောက်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက် နိုင်ရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အဖွဲ့ ဝင်များ၊ အစည်းအဝေး တက်ရောက်လာကြသူများက ကျိုင်းတုံမြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာအထက်တန်းကျောင်းများသို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောက်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ သွားရောက်ဟောပြောနိုင်ရေး၊ ဒေသအတွင်း မူးယစ်ဆေးဝါးအလွဲသုံးမှု လျော့နည်းပပျောက်ရေးနှင့် ပိုမိုကျန်းမာကြံ့ခိုင်သော မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရေး၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် ယင်းနှင့်ဆက်နွယ်သော ပြဿနာများ ဖြေရှင်းကျော်လွှားနိုင်ရေးနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)