ကျိုင်းတုံ ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကွက်သစ်၊ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေသူလွင်က သဘာဝဘေးကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျေးရွာနေ ပြည်သူများအား အသိပညာပေး ဟောပြောသည်။ ထို့နောက် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)