ကျောက်ဆည်မြို့နယ်တွင် ကျင်းပပြုလုပ်သော ၂၀၂၃ ခုနစ် အစိုးရနိကယ်စာမေးပွဲ စူဠဝဂ္ဂပါဠိ ဘာသာရပ်တွင် သံဃာတော်(၂၈)ပါး စာရင်းပေး ဖြေဆို

ကျောက်ဆည် ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပရိယတ္တိသာသနာတော် ပြန့်ပွားစေရန်နှင့် သာသနာ့အာဇာနည်အရှင်မြတ်များ တိုးပွားစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် အစိုးရနိကယ်စာမေးပွဲကို ဖောင်ရွာရပ်ကွက် နေလသုခဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် (၁၂)နာရီက ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ ယနေ့၌ စူဠဝဂ္ဂပါဠိဘာသာရပ်တွင် သံဃာတော်(၂၈)ပါး စာရင်ပေးဖြေဆိုခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အစိုးရနိကယ်စာမေးပွဲကို ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်သာသနာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေသံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ ရေသန့်၊ အအေးများနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)