မင်္ဂလာဒုံ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင် Community based Facility Quarantine Centreများ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်သူ (၁၆၈)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာအား ယမန်နေ့ နံနက် ၈ နာရီအချိန်က သက်ဆိုင်ရာ ကန့်သတ်စောင့်ကြည်ရေးနေရာအသီးသီးသို့ ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ စစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ အထက (၁)ရှိ ကန့်သတ်စောင့်ကြည့်ရေးနေရာတွင် (၃၈) ဦး ၊ အထက (၃)ရှိ ကန့်သတ်စောင့်ကြည့်ရေးနေရာတွင် (၄၆) ဦး ၊ အမက (၁၉)ရှိ ကန့်သတ်စောင့်ကြည့်ရေးနေရာတွင် (၃၀) ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက လည်းကောင်း၊
Asia Optical စက်ရုံ ဝန်ထမ်း primary contact ( ၅၄) ဦး၏နှာခေါင်းနှင့် အာခေါင်တို့ဖတ်များကို ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန Swab Team က လည်းကောင်းရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/ မရှိ စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် Community based Facility Quarantine Centreများ၌ ကန့်သတ်စောင့်ကြည့်သူများ၏ နှာခေါင်း နှင့် အာခေါင်တို့ဖတ်နမူနာများအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မင်္ဂလာဒုံမြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ရှင်သန်ရေးပရဟိအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မေတ္တာလွမ်းခြုံလူမှူကူညီရေးအဖွဲ့များမှ စေတနာ့ဝန်ထမ်းများပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)