မူဆယ်မြို့တွင် ဒုတိယအကြိမ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

မူဆယ် ဇွန် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ ရပ်တော်မူဘုရား၏ အရှေ့တောင်ဘက်မြေကွက်လပ်တွင် မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာန ကြီးမှူးစီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်စိုပြေရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတစ်ဝှမ်း သစ်ပင်တောတောင်စိမ်းလန်းစိုပြေရေးနှင့် သစ်ပင်သစ်တောများ ပေါများလာပြီး ရာသီဉတုကောင်းမွန်မျှတရေးတို့ကို ရည်ရွယ်၍ မိုးရာသီမစတင်မှီ ဒုတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပွဲကို  ဌာနဆိုင်ရာများစုပေါင်းလျက် ယနေ့နံနက်(၈း၃၀)အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါသစ်ပင်စိုက်ပွဲအခမ်းအနားတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်တကွ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဗိုလ်မှူးကြီး ဇော်မင်းထက်၊ မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်၊ မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က ဦးဆောင်၍ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သက်ဆိုင်ရာဌာနဆိုင်ရာများ စုပေါင်းပြီး ချယ်ရီ(၅၀)ပင်၊ ထင်းရှူး(၅၀)ပင်၊ ရေထင်းရှူး(၅၀)ပင်၊ သစ်လှ(၅၀)ပင်၊ စိန်ပန်းနီ(၃၀)ပင်၊ စိန်ပန်းပြာ(၃၀)ပင်၊ ကံကော်(၂၀)ပင်၊ ခရေ(၂၀)ပင်၊ ရေသင်းဝင်(၅၀)ပင်၊ တပေါင်းပန်း (၅၀)ပင်၊ မဟော်ဂနီ(၅၀)ပင်၊ ခါတော်မှီ(၂၀)ပင်၊ တပေဘူတ(၃၀)ပင်နှင့် စုစုပေါင်းပျိုးပင်ပေါင်း(၅၀၀)အား ဒုတိယအကြိမ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးခဲ့ပြီး မေလ(၂၁)ရက်နေ့တွင်လည်း ပျိုးပင်ပေါင်း (၃၀၀)အား ပထမအကြိမ်မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော် စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ဒုတိယအကြိမ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် စိုက်ပျိုးထားရှိမှုနှင့်စနစ်တကျ စိုက်ပျိုးထားရှိလျက် ရှိ/မရှိတို့ကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)