မြင်းမူ ဇွန် ၄
မြင်းမူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းသန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် လုပ်ငန်းများကို နေ့စဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့တွင်းရှိ ရေဆိုးထုတ်မြောင်းများကိုလည်း ရေးစီးရေလာကောင်းမွန်စေရေးအတွက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် မုံရွာ-မန္တလေးအဝေးပြေး(မြို့ရှောင်လမ်း)လမ်းဘေးဝဲယာတစ်လျှောက် အမှိုက်ရှင်းလင်းခြင်းလုပ်ငန်းကိုလည်း တစ်ပတ်တစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းအပြင် မြို့တွင်းရှိ ရေဆိုးထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူထံမှ သိရှိရသည်။
အမှိုက်များရှင်းလင်းရန်အတွက် SKAT အမျိုးစား အမှိုက်သိမ်းယာဉ် (၃)စီး၊ ဟိုက်ဒရောလစ် အမှိုက်သယ်ယာဉ် (၂)စီး၊ ဘက်ဟိုးယာဉ်ငယ် (၁)စီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)