လားရှိုးမြို့ ရှေးဟောင်းဆုတောင်းပြည့်မန်ဆူဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူ အောင်ပွဲရေစက်ချ မင်္ဂလာအခမ်းအနားကျင်းပ

လားရှိုး ဇွန် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရှေးဟောင်းဆုတောင်းပြည့်မန်ဆူဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူ အောင်ပွဲရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၅)နာရီကက မန်ဆူစေတီတော်မြတ်ဘုရားကြီးတွင် ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာ‌ဗောဓါရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး အမှူးပြုသော ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ သင်္ကန်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှ ပေးဝေခဲ့ကြသည်။

အခမ်းအနားအပြီးတွင် လားရှိုးမြို့ ရှေးဟောင်းဆုတောင်းပြည့်မန်ဆူဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာနှင့်လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူ အောင်ပွဲရေစက်ချ မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဆရာတော်ကြီး(၄၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)