မိုင်းယောင်းမြို့ ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ သံဃာတော်အစည်းအဝေး ကျင်းပ

မိုင်းယောင်း  ဇွန်  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က မြို့ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ သံဃာတော်အစည်းအဝေး ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို "နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောထံမှ အစည်းအဝေးဆိုင်ရာ အနုမောဒနာတရား နာယူကာ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်က သာသနာရေးဆိုင်ရာများကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်များ၊ တက်ရောက်လာသူများက ပရိယတ္တိပညာသင်ယူခြင်းဆိုင်ရာ ကိစ္စများ၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်များ၊ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ တာဝန်ခံအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း