ဒဂုံ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစား၊ဝတ်၊ နေရေး အဆင်ပြေစေရေးအတွက် ထောက်ပံ့ငွေ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက သက်ကြီး ဘိုးဘွားတစ်ဦးချင်းအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်က လိုက်လံပေးအပ် ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး၊ဘွားများအား နိုင်ငံတော်မှ ချီးမြှင့်သည့် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်တစ်ဦးလျှင် ငွေကျပ်သုံးသောင်းအား အိမ်တိုင် ရာရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)