ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ ပုဏ္ဏားကျွန်းမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပုဏ္ဏားကျွန်း ဇွန် ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက် ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ မူ/လွန်(မြို့သစ်)ကျောင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲကျန်နေသည့် သစ်ရွက်၊ သစ်ကိုင်းများနှင့်အမှိုက်များကို စုပေါင်းရှင်းလင်းဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာမူလတန်းလွန်(မြို့သစ်)ကျောင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျန်နေသည့် သစ်ကိုင်း၊ သစ်ရွက်များနှင့်အမှိုက်သရိုက်များကို မြန်မာ့တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများက စက်ယန္တရားများနှင့် ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကြပြီး၊ မြို့နယ်စည်ပင်သာယာရေးအမှိုက်သိမ်းကားဖြင့် သယ်ယူရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ထိုနောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပထမ၊ ဒုတိယ၊ တတိယဦးစားပေးအဆင့်များ သတ်မှတ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် အဆိုပါကျောင်း၌ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)