မက်မန်း ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များသည် မက်မန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပညာဒီပကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်အချိန်က ပညာဒီပညာဘုန်းတော်ကြီးကျောင်းတွင် သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ပညာဒီပကျောင်းထိုင်ဆရာအား ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုငွေ(၈)သိန်းအား ဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မူကြိုကျောင်းဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ မြို့တွင်း မြေထိန်းနံရံတည်ဆောက်နေမှုအား ကြည့်ရှုဆက်စစ်ဆေးခြင်း၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား သွားရောက်အားပေးခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သောကြသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အဆောက်အအုံဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စံပြမွေးမြူထားသော ဝက်မွေးမြူရေးခြံနှင့် ဥစားကြက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုခဲ့ခြင်း၊ မက်မန်းမြို့ ကုတင်(၂၅)ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအားထောက်ပံ့ ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ ဆေးရုံအတွက် ငွေကျပ်(၁၀)သိန်းထောက်ပံ့ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များသည် တောင်သူဦးသက်နိုင် စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသည့် ထောပတ်ခြံအားသွားရောက် ကြည့်ရှုခြင်းနှင့် တောင်သူဒေါ်နာဘို စိုက် ပျိုးထားသော စံပြလ္ဘက်ခြံအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်၊ ပြန်/ဆက်