ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံပို့ဆောင်ပေး

လားရှိုး အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့်  ချင်းရွှေဟော် မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ() ရက်နေ့မှ စတင်ပြီး စနစ်တကျလွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ ()ရက်နေ့တွင် အမျိုးသား (၃၃)ဦး အမျိုးသမီး ()ဦး စုစုပေါင်း (၃၇ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ(၃၇)ဦးတို့တွင်  စစ်ကိုင်းတိုင်းဒေသကြီးမှ()ဦး ပဲခူးတိုင်းဒေသကြီးမှ ()ဦး မန္တလေးတိုင်းဒေသကြီးမှ(၁၇)ဦး ဧရာဝတီတိုင်းဒေသကြီးမှ()ဦး ရခိုင်ပြည်နယ်မှ()ဦး တို့ဖြစ်ကြသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ()ရက်နေ့မှ ယနေ့အထိ  နေရပ်ပြန် ပြည်သူ အမျိုးသား (၁၀၆၇၁) ဦး အမျိုးသမီး (၆၅၉၂) ဦး စုစုပေါင်း (၁၇၂၆၃) ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။

နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)