တာချီလိတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ အသက် ၈၀ နှစ်နှင့် ၈၅ နှစ် အကြား ဘိုးဘွားမျာအား ထောက်ပံ့ငွေများ ပေးအပ်နိုင်ရန် ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ငွေများ သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တစ်ဦးလျှင် ကျပ် ၃ သောင်းနှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ရပ်ကွက်တွင်း အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။
တာချီလိတ်ခရိုင်အတွင်းရှိ အသက် ၈၀ နှစ်နှင့် ၈၅ နှစ် အကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြရာ၌ စက်တင်ဘာလကုန်ထိ တာချီလိတ်မြို့နယ်တွင် ၄၀၃ ဦး၊ မိုင်းဖြတ်မြို့နယ်၌ ၁၄၄ ဦး၊ မိုင်းယောင်းမြို့နယ်တွင် ၆၂ ဦး၊ စုစုပေါင်း ၆၀၉ ဦးရှိပြီဖြစ်ကြောင်းနှင့် ဆက်လက်၍ ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)