ပြင်ဦးလွင် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အထိမ်း အမှတ် အကြို “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၁) ပြင်ဦးလွင်မြို့နယ်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့် အညီကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှု များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟ ဦးဆောင်သော ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများက လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နေ့ အခမ်းအနားတွင် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲမှ ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ဆုများပေးအပ် ချီးမြှင့်မည်ဖြစ်ပြီး “ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၁ ဦး၊ အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၁၆ ဦးနှင့် မူလတန်း အဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၉ ဦး ၊ စုစုပေါင်း ၄၆ ဦးပါဝင် ယှဉ်ပြိုင်ခဲ့ ကြကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)