မိုင်းတုံ ဇွန် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ဉယျာဉ်ကျောင်းတိုက်၌ (၅) ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို ယနေ့(၁၂:၂၅) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလှူရှင်များမှ ဆရာတော်သံဃာတော်အရှင်သူမြတ်များကို ဆွမ်းကပ်ခြင်း၊ တက် ရောက်လာသော ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးခဲ့ကြပြီးနောက်ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ပိတ်ပွဲအခမ်းအနားစတင်၍ ဆရာတော် ဘဒ္ဒန္တအရှင်ဝါယာမထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူ ကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ် အပေါင်းတို့မှ ပရိတ်တရားတော်များရွတ် ဖတ်ချီးမြှင့်ခြင်းထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းအား မိုင်းတုံ အခြေချ စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် စေတနာရှင်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခြင်း၊ ဆရာတော် ဘဒ္ဒန္တအရှင်ဝါယာမမှရှမ်း/ ဗမာ၊ နှစ်ဘာသာဖြင့် ပဠာန်းရွတ်ဖတ်ရခြင်း အကျိုးနှင့် ပတ်သတ်၍ တရားပေးပြီးနောက် လှူဖွယ်ပစ္စည်းအစုစုအတွက် ရေစက်သွန်းချ သာဓုအနုမောဒနာတရားတော်များ ချီမြှင့်ခြင်း ဩကာသကတော့ခန်း ပြန်လည်ကန်တော့ခြင်း ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်မြတ်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့မှ "ဗုဒ္ဒသာသနံစိရံတိဌတု" (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)