နွားထိုးကြီးမြို့နယ်၌ အသက်(၈၀)နှင့်(၈၅)နှစ် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

နွားထိုးကြီး ၊ အောက်တိုဘာ  ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌  လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ် -၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ အသက် (၈၀)နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက ပေးအပ်ခဲ့သည်။

ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ နွားထိုးကြီးမြို့နယ်အတွင်းရှိ အသက်(၈၀) နှင့်(၈၅)နှစ် သက်ကြီး ဘိုးဘွားများအား တစ်ဦးလျှင် သုံးသောင်းကျပ်ကို ဘိုးဘွား(၁၇၃၆)ဦးထံသို့ ကိုဗစ် -၁၉ ရောဂါကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ်အရ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ၍ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်